Wednesday, June 11, 2014

သွားတိုက်ရာတွင် မှားယွင်းတတ်သော အချက် (၁၀) ချက်


သွားတိုက်ခြင်းသည် လူအများ နေ့စဉ် ပြုလုပ်ကြသည့် အကျင့်ကောင်းတစ်ခု ဖြစ်သည်။ အကျင့်ဆိုသည်မှာ ပေါ့လျော့ တတ်ပါသည်။

နေ့စဉ် သွားတိုက်သော်လည်း ဂရုစိုက်ပြီး စနစ်ကျစွာ မတိုက်ပါက သွားပိုးစားခြင်း၊ သွားဖုံးရောဂါ ဖြစ်ခြင်း တို့ကို ကြုံရတတ်ပါသည်။
ထို့ကြောင့် အောက်ပါ မှားယွင်းမှုများကို ရှောင်ကြဉ်ပါ။

၁။ ကောင်းမွန်သော သွားပွတ်တံ မသုံးစွဲခြင်း။

သွားပွတ်တံ သုံးစွဲသည့်အခါ မှန်ကန်သော သွားပွတ်တံကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုပါသည်။
သွားပွတ်တံကို ကိုင်တွယ် အသုံးပြုရာတွင် ပါးစပ် အလွန်အမင်း ဟ,စရာ မလိုဘဲ လွတ်လပ်ပေါ့ပါးခြင်း ရှိရမည်။
သွားပွတ်တံ ကဲ့သို့ အဆင်ပြေရပါမည်။ သို့မှသာ သွားပွတ်တံကို မှန်ကန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။

၂။ ကောင်းမွန်သော အမျှင်ရှိသည့် သွားပွတ်တံကို မရွေးချယ်ခြင်း။

သွားပွတ်တံသည် မာလွန်းလျှင်လည်း သွားဖုံးကို ထိခိုက်နိုင်ပါသည်။
ပျော့လွန်းလျှင်လည်း သွားချိုးများကို မဖယ်ရှားနိုင်ပါ။
ထို့ကြောင့် သွားပွတ်တံ ရွေးသည့်အခါတွင် မပျော့လွန်း မမာလွန်းသော သွားပွတ်တံကို ရွေးချယ်သင့်ပါသည်။

၃။ မှန်ကန်စွာ သွားမတိုက်ခြင်း

သွားကို တစ်နေ့လျှင် နှစ်ကြိမ် တိုက်သင့်သည်။
သုံးကြိမ် တိုက်ခြင်းသည် အထိရောက်ဆုံး အကောင်းဆုံးဖြစ် သည်ဟုဆိုသည်။
တစ်ကြိမ်လျှင် အနည်းဆုံး နှစ်မိနစ်မှ သုံးမိနစ်ကြာအောင် သွားတိုက်ခြင်းသည် ထိရောက်မှုရှိသည်။
သွားနှင့်ခံတွင်း တစ်ခုလုံး သန့်စင်အောင် တိုက်ရမည်။ ခံတွင်းထဲတွင် ရှိသော အစိတ်အပိုင်း လေးပုံ တစ်ပုံကို 30 Second စီ အချိန်ပေး တိုက်ရန် လိုအပ်ပါသည်။

၎။ မကြာမကြာ သွားတိုက်ခြင်းနှင့် ကြမ်းတမ်းစွာတိုက်ခြင်း

တစ်နေ့လျှင် သုံးကြိမ်ထက် ပိုမိုပြီး တိုက်ရန်မလိုပါ။ သွားများကို လိုအပ်သည်ထက် အလွန်အကျွံ တိုက်ခြင်းသည် သွားဖုံးကို နာကျင် ပျက်စီး စေတတ်ပါသည်။

၅။ သွားပွတ်တံကို မှန်ကန်စွာ မသုံးစွဲခြင်း။

သွားတိုက်သည့် အခါတွင် သွားပွတ်တံ ကို ၄၅ ဒီဂရီ စောင်းပြီး တိုက်ပါ။
သွားတိုက်ရာတွင် စက်ဝိုင်းပုံ (သို့) အပေါ်အောက် ဒေါင်လိုက် လှုပ်ရှားမှုဖြင့် တိုက်ပေးရမည်။
ဘေးတိုက် မတိုက်ရပါ။ သွားတိုက်ရာတွင် သွားအတွင်း အပြင် သာမက နောက်ဆုံးတွင် လျှာကို အရင်းမှအပြင်သို့ တိုက်ပေးရမည်။

၆။ တစ်နေရာတည်းမှ စတိုက်ခြင်း။

လူအများစွာ သွားတိုက်ရာတွင် အမြဲလို တစ်နေရာတည်းတွင် တိုက်နေခြင်းမှာ မှားယွင်းနေပါသည်။
နေ့စဉ် ပုံစံပြောင်းပြီး နေရာအနှံ့ တိုက်ခြင်းသည် လူကို ပျင်းရိခြင်း မရှိဘဲ ပိုမို အကျိုးသက်ရောက်စေသည်။

၇။ သွားအတွင်းပိုင်း တိုက်ရန်မေ့ကျန်ခြင်း။

လူအများစုသည် သွားတိုက်သည့် အခါတွင် အတွင်းပိုင်းကို တိုက်ရန် အလေးအနက် မထားကြပါ။
သွား အတွင်းဘက်ရှိ မမြင်နိုင်သော ချိုးများကို ဖယ်ရှားပေးဖို့ လိုအပ်ပါသည်။
သွားဆရာဝန်များ ပြောဆိုချက်အရ သွားများ အတွင်းပိုင်းကို သန့်စင်အောင် တိုက်ပေးရမည်။

၈။ သွားပွတ်တံအား မဆေးကြောခြင်း။

စိုစွတ်သော သွားပွတ်တံကို ထက်မံ အသုံးပြုခြင်း အားဖြင့် ဗက်တီးရီးယား များကို တိုးပွားစေသည်။
အသုံးပြုပြီးလျှင် သွားပွတ်တံကို သန့်စင်စွာ ဆေးကြောရမည်။

၉။ သွားပွတ်တံကို ခြောက်သွေ့စွာ မထားခြင်း။

သွားပွတ်တံကို ခြောက်သွေ့စွာ မထားခြင်းသည် ဗက်တီးရီးယား များကို တိုးပွားစေသည်။
စိုစွတ်သော သွားပွတ်တံကို ခါချပြီး ခြောက်သွေ့သည့် အခါတွင် အဖုံး စွပ်ပေးခြင်းသည် ပိုမိုကောင်းမွန်သည်။

၁၀။ သွားပွတ်တံကို လဲလှယ် အသုံးပြုခြင်း

အမေရိကန်နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များ အသင်း၏ ဖော်ပြချက်အရ သွားပွတ်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုရမည်။
သွားပွတ်တံကို ကောင်းမွန်စွာ စစ်ဆေးပြီးမှအသုံးပြုသင့်သည်ဟု ဆိုပါသည်။
သွားပွတ်တံ အမျှင်များ ပျက်စီးသွားပါက လဲလှယ်ရမည်။

Source : myanmar-network.net
+HealthPlusMm

0 comments:

Post a Comment

ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။

You May Also Like :