Tuesday, July 1, 2014

မျက်နှာအလှ ထိန်းသိမ်းလိုပါလျှင် ...


တရုတ် အပ်စိုက်ကုထုံး

တရုတ် အပ်စိုက် ကုထုံးဟာ မျက်နှာ ကြွက်သားတွေကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှု ကိုလည်း အားကောင်း စေပါတယ်။ ဒီအချက်ဟာ မျက်နှာကို အိုစာ သွားစေမယ့် အချက်ကို တားဆီးပေးပါတယ်။ ကမ္ဘာကျော်များ ဖြစ်ကြတဲ့ Gwyneth Paltrow, Angelina Jolie နဲ့ Jennifer Aniston တို့ဟာ ဆိုရင်လည်း သူတို့ မျက်နှာအလှကို ထိန်းသိမ်းနိုင်ဖို့ အတွက် ဒီရှေးဟောင်း တရုတ်အပ်စိုက် ကုထုံးကို ကုသကြတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းတုံး

မျက်နှာ အလှအပရေးရာ အသုံးပြုရန် အတွက် ကျောက်စိမ်း လိမ့်တုံးလေး တွေကို အသုံးပြုကြ ပါတယ်။ ဒီကျောက်စိမ်း လိမ့်တုံးလေး တွေဟာဆိုရင် မျက်နှာရဲ့ သွေးဖြူဆဲလ်တွေကို အလုပ်လုပ်အား ကောင်းမွန် စေပါတယ်။ ကျောက်စိမ်းတုံးနဲ့ မျက်နှာပေါ် လိမ့်ပေးခြင်း ဟာလည်း မျက်နှာ ကြွက်သားနဲ့ သွေးအားကို ကောင်းမွန် စေနိုင်ပါတယ်။ ကျောက်စိမ်း လိမ့်တုံး တစ်တုံးရဲ့ ဈေးနှုန်းကတော့ (၂၈) ပေါင် ကျသင့်ပါတယ်။
http://www.cultbeauty.co.uk/ying-yu-rollers-jade-facial-roller-medium.html

Olay Regenerist ခရင်မ်

အရေပြား အားတိုးဆေး အဖြစ် ထုတ်လုပ် ထားတဲ့ Olay Regenerist ခရင်မ်ဟာလည်း မျက်နှာ အိုမင်း ရင့်ရော်မြန်ခြင်းကို ထိန်းသိမ်း ပေးနိုင်တဲ့ ခရင်မ်တစ်မျိုး ဖြစ်ကြောင်း ညွှန်းဆိုကြပါတယ်။ Olay ခရင်မ် နောက်ဆုံးထုတ် ကတော့ Olay Regenerist 3 Point Treatment Cream 50ml ဖြစ်ပြီး ဈေးနှုန်း အားဖြင့် ၂၉.၉၉ ပေါင် ကျသင့်ပါလိမ့်မယ်။
http://www.boots.com/en/Olay/Olay-Regenerist/

ရေအေးအေးဖြင့် မျက်နှာသစ်ခြင်း

ပူလောင်လောင် ရေတွေ၊ အေးတိအေးစက် ရေတွေဟာ ဆိုရင် မျက်နှာကို အင်မတန် ထိခိုက် ပျက်စီး လွယ်စေပါတယ်။ ဒါကြောင့် ရေအေးအေးဖြင့် မျက်နှာသစ်ပါ။ ရေအေးအေးဖြင့် မျက်နှာသစ်ခြင်းဟာ အရေပြားကို တင်းတင်းလေး ဖြစ်နေစေပြီး မျက်နှာအလှကို နှစ်ကြာကြာ ထိန်းသိမ်း ထားနိုင်စေပါလိမ့်မယ်။

မျက်နှာအတွက် စက်ပစ္စည်းများ သုံးခြင်း

အခုလို နည်းပညာ ခေတ်ကြီးထဲမှာ အရာတိုင်း နီးပါး အတွက် စက်ပစ္စည်းတွေ ပေါ်နေပါပြီ။ ဒီထဲမှာ မျက်နှာပေါ်မှာ ပေါက်နေတဲ့ အမွှေးအမျှင် တွေကို နာကျင်မှု မရှိဘဲ ဖယ်ရှား ပေးနိုင်တဲ့ စက်ပစ္စည်းတွေ အပါအ၀င် မျက်နှာအတွက် ထုတ်လုပ် ထားတဲ့ စက်ပစ္စည်း များလည်း အမျိုးအစား များစွာ ပါဝင်ပါတယ်။ ဒါတွေကို သုံးပါ။

မျက်နှာအတွက် ယောဂကျင့်ခြင်း

ယောဂ ကျင့်တယ်ဆိုလို့ တစ်မျိုး မထင်လိုက်ပါနဲ့။ မျက်နှာကို ပုံစံ အမျိုးမျိုးနဲ့ ကစားခြင်းကို ဆိုလိုတာပါ။ ဒါပေမယ့် သူ့နည်းနဲ့သူပေါ့။ ဒီလို ယောဂ ကျင့်ခြင်းဟာ မျက်နှာ ကြွက်သားတွေကို သန်မာစေပါတယ်။ မျက်နှာမှာ ငယ်ရုပ် မပျောက်အောင်ဘဲ နုပျိုလို့ နေစေပါတယ်။ မျက်နှာ ယောဂ ကျင့်နည်း စာအုပ်ကိုတော့ အောက်က လင့်ခ်မှာ ပြထားပါတယ်။
http://www.amazon.co.uk/Yoga-Face-Eliminate-Wrinkles-Anti-aging/dp/1583332774


Source : DailyMail
+HealthPlusMm

0 comments:

Post a Comment

ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။

You May Also Like :