Thursday, June 19, 2014

ရာသီသွေးဆင်းပြီး (၇) ရက်အတွင်း ကလေးမရနှိင်ဘူး



 Q: 

ကျွန်တော်တို့ မင်္ဂလာဆောင်အပြီးမှာ ၄ ရက်လောက်တော့ အမျိုးသမီးက ရာသီသွေးဆင်းတယ်ဗျာ။ ကျွန်တော် သိတာက ရာသီသွေးဆင်းပြီး (၇) ရက်အတွင်း ကလေးမရနှိင်ဘူး။ (၇) ရက်မြောက်မှ ကလေးရနှိင်တာ ဟုတ်ပါတယ်နော်။ (၇) ရက်မြောက်ပြီး အမျိုးသမီး နဲ့ (၆) ရက်ပဲ အတူတူနေရတယ်ဗျ။ အဲ့ဒီလို အခြေနေမျိုးမှာ ကလေးရနှိင်ဖို့ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။

A: 

ရက်ရှောင်နည်း Calendar method of birth control ထင်တာ မှန်ပါတယ်။ ရှေ့-နောက် ၇ ရက်စီလို့ အကြမ်းဖျင်း ပြောနိုင်တယ်။ နဲနဲ ပိုတိကျရရင် ရာသီစလာတဲ့နေ့ကနေ ရေတွက်ပြီး၊ (၇) ရက်စီဖြစ်တယ်။ ဘယ်လောက် စိတ်ချရသလဲ % ပြောဘို့ ခက်တယ်။ သုတေသနတွေက အမျိုးမျိုးရှိတယ်။ ရာသီစလာတဲ့ရက်နဲ့ နီးလေးလေး စိတ်ချရလေ ဖြစ်တယ်။ ၁-၂-၃ ရက်တွေက ၁ဝဝ% လို့ ပြောနိုင်တယ်။ နောက်ရက်တွေမှာ တရက်ထက် တရက် % လျှော့သွားမယ်။ မိန်းကလေး တဦးနဲ့ တဦးက ရာသီရက်တွေ မတူကြဘူး။

0 comments:

Post a Comment

ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။

You May Also Like :