ဒီလို ပြောလိုက်လို့ "ရေနစ်ပြီး သေတဲ့လူတွေ ဘယ်နားသွားထားရမှာလဲ" ဆိုပြီး အတွန့်တက်ကြမယ့်လူတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။
သို့သော် ... အခု ဆိုလိုရင်းက ရေကူးလို့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေထဲမှာ အသက်ရှည်ခြင်း ဆိုတဲ့ အကျိုးကျေးဇူးလည်း ပါဝင်ကြောင်းကို ဆိုလိုချင်လို့ သဘောပေါက်ကြစေချင်ပါတယ်။
ဒီအချက်ဟာ ပေါ့သေးသေး ပေါ်ထွက်လာတဲ့ အချက်တစ်ခု မဟုတ်ပါဘူး။ Carolina တောင်ပိုင်း တက္ကသိုလ် တစ်ခုရဲ့ ၃၂ နှစ်ကြာ သုတေသန ပြုချက်ကနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဟုတ်ကဲ့ ...။ ဒီတက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အသက် ၂၀ မှ ၉၀ ကြားမှာ ရှိတဲ့ လူပေါင်း ၄ သောင်းကျော်ကို ၃၂ နှစ်ကြာ သုတေသနပြုချက်အရ ရေကူးတဲ့လူတွေဟာဆိုရင် ပြေးသူ၊ လမ်းလျှောက်သူနဲ့ မည်သည့်လေ့ကျင့်ခန်းမှ မလုပ်တဲ့ လူတွေထက် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျှော့နည်းတယ်လို့ ဆိုပါတယ်။
ယောက်ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ရေကူးရင် မကူးတဲ့လူတွေထက် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း လျှော့နည်းပါကြောင်း ...။
Source : health.howstuffworks
+ HealthPlusMm








0 comments:
Post a Comment
ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။