အရပ်ရှည်စေဖို့ နည်းလမ်းများ
၁။ ဘားဆွဲပါ။
ဘားဆွဲခြင်း (သို့) ဘားခိုခြင်းဟာ ဆိုရင် ခန္ဓာကိုယ်ကို ဆွဲဆန့်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်သွားမယ်ဆိုရင် အရပ်ကို ရှည်စေနိုင်ပါတယ်။
၂။ ယောဂ ကျင့်ပါ။
ယောဂ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာလည်း အရပ်ရှည်စေဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ယောဂ ကျင့်နေစဉ်မှာ ဖိအားတွေ လျှော့နည်းပြီး ခန္ဓာကိုယ်မှာ ဟော်မုန်းဓာတ်တွေ ကြီးထွားလာစေနိုင်ပါတယ်။
၃။ ကိုယ်ဟန်အနေအထားကို ပြင်ဆင်ပါ။
မိမိရဲ့ နေ့စဉ်ပုံစံ ကိုယ်ဟန် အနေအထား တစ်နည်း ခန္ဓာကိုယ်ရဲ့ အနေအထားကို ကြည့်ရှုပြင်ဆင်ခြင်း ဟာလည်း အရပ်ရှည်စေဖို့ နည်းလမ်းတစ်ရပ်ပါပဲ။ အထူးသဖြင့် ဒီနည်းလမ်းဟာ အမျိုးသမီးတွေမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။
၎။ ဆေးနဲ့အာဟာရကို မှီဝဲပါ။
ဆေးနဲ့ အာဟာရဓာတ်တွေကို ပြည့်ဝနေအောင် စားသုံးပေးခြင်းကလည်း အရပ်ရှည်ဖို့အတွက် အသုံးဝင်ပါတယ်။ အရိုးတွေ ခိုင်မာစေဖို့အတွက် ကယ်လ်စီယမ်ဓာတ်က အစွမ်းထက်ပြီး နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဒီကယ်လ်စီယမ်ဓာတ်ကို အသီးနဲ့ အရွက်တွေဆီက ရရှိနိုင်ပါလိမ့်မယ်။ တကယ့် ကယ်လ်စီယမ်ရဲ့ အရင်းအမြစ်ကတော့ နို့တွေပါပဲ။ ဒါကြောင့် နို့ကို နေ့စဉ်သောက်ပေးပါ။ နောက်ပြီး ပရိုတိန်းနဲ့ ဗီတာမင်ဓာတ်တွေ စားသုံးပေးခြင်းကလည်း ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက် များစွာအကျိုးပြုနိုင်ပါတယ်။
၅။ ရေသောက်ပါ။
ရေဟာဆိုရင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါအမျိုးမျိုးအတွက် အကောင်းမွန်ဆုံး ဆေးဝါးတစ်လက်ပါပဲ။ ရေကို တစ်နေ့ ၈ ခွက်ထက်မနည်း သောက်သုံးပေးပါရင် ပိန်သူ ၀ဖြိုး၊ ပုသူလည်း ရှည်လာမယ့် အမျိုးလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေကို နေ့စဉ် လုံလောက်အောင် သောက်သုံးပေးခြင်းကလည်း အရပ်ရှည်ဖို့ နည်းလမ်းတစ်ရပ်ပါပဲ။
၆။ လမ်းလျှောက်ပါ။
နေ့စဉ် လမ်းလျှောက်ပေးခြင်းဟာလည်း အရပ်ကို ရှည်စေနိုင်ပါတယ်။ ဒါကြောင့် အရပ်ရှည်လိုလျှင် နေ့စဉ် လမ်းလျှောက်ပေးပါ။
Source : Health.Producreate.Com
+ HealthPlusMm








0 comments:
Post a Comment
ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။