Thursday, June 26, 2014

ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှု များခြင်းက ကလေး ဘယ်သန် ဖြစ်စေနိုင်ရန် အလားအလာ ပိုများ


Durham နှင့် Lancaster့ တက္ကသိုလ်တို့မှ လေ့လာတွေ့ရှိချက် အရ မိခင်လောင်း ၏ စိတ်ဖိစီးမှု က သန္ဓေသား အပေါ်တွင် သက်ရောက်မှုများ ရှိစေကြောင်း သိရသည်။

လေ့လာသူ များက ယခုတွေ့ ရှိချက်မှာ လုံးဝ အတိအကျကြီး မဟုတ်သေးသော်လည်း မိခင်တွင် စိတ်ဖိစီးမှု များခြင်းက ကလေးအား ဘယ်သန် ဖြစ်စေကြောင်း တွေ့ခဲ့ရသည်။

အချို့သူများ၌ ဘယ်သန် (သို့) ညာသန် ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇက ပိုမို သက်ရောက်မှု ရှိစေပြီး လူတစ်ယောက်လုံး ၏ ဘ၀ကို ပြောင်းလဲ သွားစေနိုင်သည်။

လေ့လာမှုတွင် လေးဖက်မြင် အာတရာဆောင်း အသုံးပြု၍ မိခင်လောင်းများအား ကိုယ်ဝန် ၂၄ ပတ်နှင့် ၃၆ ပတ်ကြားတွင် စစ်ဆေးခဲ့သည်။

ထို့နောက် မိခင်အားလည်း ကလေး ကိုယ်ဝန်လွယ်ထားရစဉ် မည်မျှ  စိတ်ပင်ပန်း ရသည်၊ စိတ်ဖိစီး ရသည်ကို မေးခွန်းများ မေးခဲ့သည်။

ထိုအခါ အာထရာဆောင်း ရလဒ်များ အရ စိတ်ဖိစီးမှု များသော မိခင်၏ သန္ဓေသား သည် ဘယ်ဖက်လက် အား အသုံးပြု၍ ၎င်းတို့၏ မျက်နှာအား အကြိမ်များစွာ ပွတ်သတ်ပြီး၊ ညာလက် အသုံးပြုမှု သိသာစွာ ပိုနည်းကြောင်း တွေ့ခဲ့ရသည်။ ယင်း အခြေအနေမှာ ကလေးငယ်မှာ ဘယ်သန်ဖြစ် လာနိုင်သည့် အလား အလာ ဖြစ်ကြောင်း သိရသည်။

ထို့ ကြောင့် လေ့လာသူများက ကိုယ်ဝန်ဆောင်စဉ်၌ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းရန် လုပ်ဆောင်သင့်သည် ဟု အကြံပြုခဲ့သည်။

Source : Health Updates Journal
+HealthPlusMm

0 comments:

Post a Comment

ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။

You May Also Like :