ဆံပင်သား ဆံလုံးဟာ သေးမျှင် ပြီး သန်စွမ်းမှု မရှိဘူး ဆိုရင် သောက် စရာ တစ်မျိုးဖြစ်တဲ့ ဘီယာနဲ့ အား ဖြည့်ပေးလိုက်ပါ။
အသုံးပြုပုံ -
- ဘီယာ 1/2 ခွက် (စည်ထဲမှ ခွက် ထဲထည့်ပြီးရင် အမြှုပ်ထစေသော ကာဗွန်တွေ ထွက်သွားဖို့ ၂ နာရီခန့် ထားလိုက်ပါ။)
- နေကြာဆီ သို့မဟုတ် ကင်နို လာဆီ ကော်ဖီဇွန်း ၁ဇွန်း - ကြက်ဥအစိမ်း ၁ လုံး ပါဝင်ပစ္စည်းတွေကို ရောနှောပြီး ရှန်ပူဖြင့် လျှော်ထားတဲ့ သန့်ရှင်းပြီး စိုစွတ်နေတဲ့ ဆံသားပေါ်လူးပါ။
- ၁၅ မိနစ်ခန့်ထားပြီး ရေအေးအေးနဲ့ဆေး ပါ။
ဆီနဲ့ ကြက်ဥမပါဘဲ ဘီယာနဲ့ပဲ ပြုလုပ်မယ်ဆိုရင်တော့ စပရေးဖျန်း ဆေးဘူး တစ်ဘူးထဲမှာ ဘီယာထည့်ပြီး ရေမစို ဘဲခြောက်သွေ့နေတဲ့ ဆံပင်ပေါ် ကို ဖျန်းပါ။
ဘီယာတွေ အငွေ့ပြန် သွားရင် ဆံသားပေါ်မှာ ဘီယာချက် လုပ်တဲ့ ဂျုံ၊ မော့စ် စတာတွေဆီက ပရိုတင်းဓာတ်တွေ ကျန်ခဲ့ မှာဖြစ်ပြီး ဆံသားကို ကြံ့ခိုင် သန်စွမ်းစေပါ တယ်။
Source : HealthDigest
+ HealthPlusMm








0 comments:
Post a Comment
ပို့စ်နဲ့ ပတ်သက်လို့ တစ်ခုခု ပြောချင်ရင် ဒီနေရာလေးမှာ ပြောခဲ့ပါ။